သွေးသည်အသက်

       အသက်သည်သွေး

ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

ကြိုတင်စာရင်းပေးသွင်းခြင်းဖြင့် သင်၏အချိန်ကိုသက်သာစေနိုင်ပါသည်။

ကြိုတင်စာရင်းပေးလှူဒါန်းခြင်းအားဖြင့် စောင့်ဆိုင်းရန်မလိုဘဲ လွယ်ကူအဆင်ပြေစေ ပါသည်။

သင်သွေးလှူရှင်ဖြစ်နိုင်ပါသလား

  • သင်သည် အသက်(၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသူ ဖြစ်ရမည်။
  • အမျိုးသားအတွက် ကိုယ်အလေးချိန် ပေါင် (၁၂၀) ခန့် ရှိရမည်။
  • အမျိုးသမီးအတွက် ကိုယ်အလေးချိန် ပေါင်(၁၂၀) ခန့် ရှိရမည်။
  • အိပ်ရေးဝစွာ အိပ်စက်ထားသူဖြစ်ရပါမည်။
  • အရက်သေစာသောက်စားထားခြင်းမရှိသူ ဖြစ်ရပါမည်။
  • လတ်တလော ရောဂါဝေဒနာမရှိသူ ဖြစ်ရပါမည်။
  • လွန်ခဲ့သော ၆ လအတွင်းက ဆေးမင်ကြောင် ထိုးခြင်း၊ နားဖောက်ခဲ့ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်းတို့ မရှိသူ ဖြစ်ရပါမည်။
  • ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်းတို့ မရှိသူဖြစ်ရပါမည်။

ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီသော်လည်း သွေးလှူဒါန်းခြင်းအားဖြင့် သင်၏ ကျန်းမာရေး မထိခိုက်စေရန် ဆရာဝန်များမှ တာဝန်ယူစောင့်ရှောက်ပေးပါမ ည်။

Location


စာရင်းပေးသွင်းထားသူ


သွေးလှူရှင်

1847

Contact Us